တိုင်းရင်းသားစာပေ ဖွံ့ဖြိုးရေး အဆိုကို မွန်ပြည်နယ်ဝန်ကြီး အကောင်ထည်မဖော်ဘူး လို့ ဝေဖန်


2016.12.09
tunminaung-620.jpg တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကေ်ာမတီဥက္ကဌ ဦးထွန်းမင်းအောင် ကို ဒီဇင်ဘာလ ၉ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုင်းရင်းသားစာပေ ဖွံ့ဖြိုးရေးဆိုင်ရာ အချက် ၁၁ ချက် ကို ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ အဆိုအောင်မြင်ထားပေမယ့် ပြည်နယ်လူမှုရေးဝန်ကြီးဌာနက ဆောင် ရွက်ပေးခြင်းမရှိဘူးလို့ ပြည်နယ်လွှတ်တော်ရဲ့ တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကေ်ာမတီဥက္ကဌက ဝေဖန် လိုက်ပါတယ်။

မွန်ပြည်နယ်လွှတ်တော်မှာ တိုင်းရင်းသားစာပေ သင်ကြားရာမှာ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် အချက် ၁၁ချက်ပါတဲ့အဆိုကို ဇွန်လိုင်လကတည်းက အတည်ပြုထားပေမယ့် ပြည်နယ်လူမှုရေးဝန်ကြီးဌာနက တစ်ချက် မှ ဆောင်ရွက်ထားတာမရှိဘူးလို့ တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးထွန်းမင်းအောင် က ပြောပါတယ်။

မွန်ပြည်နယ်မှာ မွန်၊ ကရင်နဲ့ ပအိုဝ်းတိုင်းရင်းသားတွေနေထိုင်ကြပြီး တိုင်းရင်းသားစာပေတွေကို ကျောင်းချိန် အတွင်း သင်ကြားခွင့်ပြုဖို့၊ တိုင်းရင်းသားစာပေသင်ကြားတဲ့ ဆရာမတွေကိုပေးတဲ့ ထောက်ပံကြေး ၃ သောင်း ပုံမှန်ပေးဖို့၊ တိုင်းရင်းသားဘာသာ သင်ကြားတဲ့ ဆရာဆရာမတွေကို တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခွင့်ပေးဖို့၊ တိုင်းရင်းသားဘာသာသင်ပေးမယ့် ဆရာဆရာမတွေကို ခွဲခြားဆက်ဆံတာတွေမပြုလုပ်ဘဲ သင်ကြားရေး ပစ္စည်းတွေကို အသုံးပြုခွင့်ပေးဖို့ စတဲ့ အချက် ၁၁ချက်ကို ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပေမယ့် ဆောင် ရွက်ပေးခြင်းမရှိဘူးလို့ ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာလည်း တိုင်းရင်းသားစာပေ ဖွံ့ဖြိုးရေးအတွက် အစိုးရ က ဆောင်ရွက်ထားခြင်း ရှိ မရှိမေးမြန်းခဲ့ပေမယ့် ဆောင်ရွက်ထားခြင်းမရှိဘူးလို့ ဝန်ကြီးက လွှတ်တော် မှာ ဖြေကြားခဲ့ပါတယ်။

တိုင်းရင်းသားစာပေသင်ကြားတဲ့ ကျောင်းတွေက ဆရာဆရာမတွေမှာ ခွဲခြားဆက်ဆံခံရတာ၊ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခွင့်မရတာစတဲ့ အခက်အခဲတွေရှိနေတယ်လို့ တိုင်းရင်းသား လူမျိုးရေးရာကော်မတီကို တိုင်ကြားတာတွေ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။