သမ္မတအကြံပေး NDF မှာဟောပြော

သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဦးမြင့် က အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အကြောင်း ဒီကနေ့ NDF ပါတီရုံးမှာ ပြုလုပ်တဲ့ နိုင်ငံရေး သင်တန်းမှာ ဟောပြောသွား ပါတယ်။

2011.08.03
u-myint-ndf-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် က NDF ပါတီရုံးမှာပြုလုပ်တဲ့ နိုင်ငံရေး သင်တန်းမှာ ဟောပြော ပို့ချစဉ်။
NDF

ဒေါက်တာဦးမြင့် ဟောပြော ဆွေးနွေးတာနဲ့ ပတ်သက်ပြီး NDF ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် က ခုလိုပြောပြပါတယ်။

“အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပေါ်လာပုံ။ အဲဒီ အကျင့်ပျက် ခြစားမှုတွေကြောင့် တိုင်းပြည် နစ်နာ လာပုံ။ ဒါတွေကို တိုက်ဖျက်ဖို့အတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဘယ်လိုတွေ လုပ်ရမယ် ဆိုတာ ဆွေးနွေး သွားတာပါ ခင်ဗျာ”

ဒီဆွေးနွေးပွဲမှာ အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် တိုင်းပြည်မှာ ခိုင်မာတဲ့ စည်းမျဉ်းဥပဒေ ထားရှိဖို့ လိုတယ်လို့ ဒေါက်တာ ဦးမြင့်က ပြောပြသလို ဝန်ထမ်းတွေကို လစာတိုးမြှင့် ပေးခြင်းဟာ အဂတိ လိုက်စားမှုကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာဦးမြင့်က RFA ကို ပြောပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့လည်း အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် နည်းလမ်းတွေ ရှာနေတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁ ရက်နေ့က ၅ ရက်နေ့ အထိပြုလုပ်နေတဲ့ NDF ပါတီ နိုင်ငံရေး သင်တန်းမှာ ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေ နှင့်အတူ ဥက္ကဌ အတွင်းရေးမှူးတို့ ဦးစီးပြီး နိုင်ငံရေးသင်တန်း ပို့ချနေတာ ဖြစ်ပါတယ်။ အဲဒီသင်တန်းမှာ NDF ပါတီဝင် သင်တန်းသား သင်တန်းသူ ၃၀ ခန့်တက် ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-04 22:13

ဦးတော့ တကယ်လုပ်တော့မှာလားဦး .. ၀ါတွင်း
ရောက်နေပြီဦး ပြည်သူတွေကို မလိမ်နှင့် မညှာနဲ့ 
နော် ငရဲကြီးလိမ့်မယ် .. သားတို့ ငယ်ရွယ်တဲ့ သူ
တွေတောင် အမှားနှင့်အမှန်သိတတ်လာပြီဦး
ဦးတို့ ကအသက်လည်းကြီးပြီ ပြည်သူတွေကို
မလိမ်ညှာသင့်တော့ဘူး သေသွာရင် အ၀ီဝိရောက်သွားလိမ့် မယ် .. သား သိန်းရွှေ

Anonymous
2011-08-03 12:27

Not Suprise. Both of Them are just want to get into Good Records with the Illegimate Govt.