ငြိမ်းချမ်းရေးလုပ်ငန်းများ ဝန်ကြီး ဦးအောင်မင်း ရှင်းလင်း


2014.08.04
uaungmin-ncct-305.jpg ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ NCCT အဖွဲ့တို့ မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မှာ သြဂုတ်လ ၃ ရက်နေ့က အလွတ်သဘောတွေ့ဆုံဆွေးနွေး စဉ်
Photo: Kyaw Myo Min

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ကချင်ပြည်နယ် မြစ် ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကချင်ပြည်နယ် က နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး  လက်ရှိပြည် တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တဲ့ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက အခုလိုပြောပါတယ်။

"NCC အစည်းအဝေး ပြီးဆုံးသွားပြီးတော့ ဦးအောင်မင်းနဲ့ တွေ့ဆုံပြီး အချက်အလက်တွေ ပြန်ပြီး ရှင်းကြတာပေါ့ဗျာ၊ ဒီအခြေအနေက တော်တော်လေး အဆင်ပြေတဲ့ အခြေအနေမှာရောက်ရှိနေပြီလို့ ပြော ပါတယ်၊ နောက်တစ်ခုက ဒါနောက်ဆုံးတွေ့ဆုံခြင်း လည်း ဖြစ်နိုင်တယ်ပေါ့၊ လက်မှတ်ရေးထိုးနိုင်တယ်လို့ ယူဆတဲ့သဘောတွေ့ရတယ်၊ ကျနော်တို့က ပါတီ သဘောထားအနေနဲ့ လက်နက်ကိုင်အချင်း ချင်းဆွေးနွေးပြီး အပစ်အခတ်တော့ ရပ်စဲသွားနိုင်တယ်၊ သို့သော်လည်း တကယ့်ခိုင်မြဲပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင်တော့ လူထုအခြေပြုခေါင်းဆောင်များ ပါဝင်ရင်တော့ သင့်တော်မယ်၊ အဲဒီအတိုင်းကို ကျနော်တင်ပြပါတယ်"

ဒီနေ့တွေ့ဆုံပွဲမှာ ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေအပြင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၀ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားမြို့မှာ မနေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။