နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဗြိတိန်ဝန်ကြီး တိုက်တွန်း

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ မြန်မာနိုင်ငံ သမိုင်းဝင် ခရီးစဉ်အစမှာပဲ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က မြန်မာ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

2012.01.05
hague-theinsein-305b နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံနေစဉ်။ ဓါတ်ပုံ - RFA
RFA

Mr. Hague ရဲ့ နှစ်ရက်ကြာ ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံပါတယ်။ ဒါဟာ နှစ် ၅၀ ကျော်အတွင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံချိန်တဲ့ အခါ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတာတွေကို ဦးရွှေမန်းက ရှင်းပြတဲ့ အကြောင်း စာနယ်ဇင်းသမား တစ်ဦးက ပြောပါတယ်။

“သူရ ဦးရွှေမန်းရယ်၊ ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ အတွင်းရေးမှူးတွေ ဥက္ကဋ္ဌတွေ၊ အားလုံး ခုနစ်ယောက်ပေါ့။ အဲဒီ ခုနစ်ယောက်နဲ့ တွေ့တယ်။ သူတို့ ဒီမှာ ဘာတွေ လုပ်ပေးနေကြောင်း၊ ဘာတွေ ပြောင်းလဲအောင် ကြိုးစားတဲ့ အကြောင်း၊ ဗြိတိန်ရဲ့ ပါလီမန်ဟာ ဒီမိုကရေစီ မိခင်ကြီး ဖြစ်တဲ့ အတွက် ပြန်ပြီးတော့ သူတို့ကို ကူညီဖို့ အကြောင်း၊ သွားပြီး လေ့လာခွင့်ရမယ် ဆိုရင်လည်း ဖိတ်မယ် ဆိုရင်လည်း ဝမ်းသာစွာ ကြိုဆိုတဲ့ အကြောင်း။ အဲဒီလောက်ပါပဲ”

Mr. Hague ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို အကဲခတ်နိုင်မှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ အမှာစာမှာ ပါရှိပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်အတွင်း ဗြိတိန် နိုင်ငံနဲ့ ဗြိတိသျှ နိုင်ငံရေးသမားတွေဟာ မြန်မာ့အရေးကို အဖိုးမဖြတ်နိုင်အောင် ပံ့ပိုးခဲ့တဲ့ အကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ်မှာ နိုင်ငံ အတွက် မိတ်ဆွေကောင်း တစ်ဦးအဖြစ် မိမိ နှစ်ရှည်လများ အသိအမှတ်ပြုထားသူ Mr. Hague ကို သိရှိဖို့ အခွင့်အရေး ရရှိမယ့်အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖော်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လက် အကောင်အထည်ဖော်နိုင်အောင် အားပေးဖို့နဲ့ အဲဒီအတွက် ဗြိတိန်နိုင်ငံအနေနဲ့ ဘာတွေ ပိုထောက်ပံ့နိုင်သလဲ ဆိုတာ အကဲခတ်ဖို့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တဲ့ အကြောင်း ဗြိတိန်နိုင်ငံက မထွက်ခွာခင် Mr. Hague က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-05 16:41

အကျဉ်းသားတွေ ပြန်လွှတ်ပေး ရင်...ဗမာပြည် က ယူ သွား ဖောက်သွား တဲ့ ဘုရား တွေက ဌာပနာ တွေ ပြန်ပေးမယ်တဲ့