ပြည်ထဲရေးဝန်ကြီးကို အရေးယူဖို့ ကုလသမဂ္ဂကောင်စီမှာ တိုက်တွန်း


2015.11.07
koko-620.JPG (အောက်တိုဘာလ ၁ ရက်နေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို မိန့်ခွန်းပြောကြားစဉ်)
Photo: RFA

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြား ကျူးလွန်ခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကို တာဝန်ရှိသူအဖြစ် အရေးယူဖို့ မြန်မာအစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းတင်ပြလိုက်ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ Human Rights Council ရဲ့ အဖွဲ့ဝင်နိုင်ငံများအပေါ်သုံးသပ်တဲ့ Universal Periodic Review (UPR) ညီလာခံမှာ မနေ့က တင်ပြလိုက်ကြပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ၂ဝ၁၂ ခုနှစ် လက်ပံတောင်းတောင်ဒေသ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ၂ဝ၁၅ မတ်လ လက်ပံတန်း ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲမှုတွေမှာ အဓိကတာဝန်ရှိသူအဖြစ် စုံစမ်းအရေးယူဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒီကိစ္စမှာ မြန်မာအစိုးရက အရေးမယူဘူးဆိုရင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအထိ တင်ပြ ဆောင်ရွက်သွားနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒီအကြောင်းတွေနဲ့ ဆက်စပ်ပြီး RFA အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။