ဖားကန့်က စစ်ပြေး ဒုက္ခသည်တွေအတွက် ကုလအကူအညီ စတင်ရောက်ရှိ
2013.02.19

Photo: RFA/Kyaw Myo Min
ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။
အရေးပေါ်ပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၉ဝ ကျော်ကို သယ်ဆောင်ပြီး လှူဒါန်းတာဖြစ်တယ်လို့ UNDP ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို အခုလိုပြောပါတယ်။
အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေရဲ့ တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခ ကာလအတွင်း ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး တစ်သိန်းဝန်းကျင်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။