မွတ်စလင် ခေါင်းဆောင်များ ကို ကုလသမဂ္ဂ ကိုယ်စားလှယ် တွေ့


2014.07.20

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်ရပ်မိရပ်ဖတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး မွတ်စလင်တွေရဲ့ အခက်အခဲတွေကို မေးမြန်းခဲ့ပါတယ်။

Ms. Yanghee Lee နဲ့ တွေ့ဆုံခဲ့သူတွေက လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ မွတ်စလင်တွေရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

သူဟာ စစ်တွေမြို့နယ်အတွင်းက ဆင်းရဲနွမ်းပါးတဲ့ အုန်းရေဖော် ရခိုင်တိုင်းရင်းသားကျေးရွာကို သွားရောက်ပြီး ရွာခံတွေနဲ့တွေ့ဆုံခဲ့သလို ပြည်နယ်အဆင့် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးစင်တာ(ECC) အဖွဲ့ တာဝန်ရှိသူတွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေ ကိုလေ့လာဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိခဲ့တာဖြစ်ပြီး နှစ်ဘက် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။