ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


2015.08.05
yangheelee-620.jpg ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီဟာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ စစ်တွေမြို့မိမြို့ဖ ၄ ဦးကို ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ရေဘေးသင့်ဒေသတွေကို ကုလသမဂ္ဂရဲ့ အကူအညီတွေပေး ဖို့ တောင်းဆိုခဲ့တယ်လို့ တွေ့ဆုံပွဲ မှာပါဝင်တဲ့ စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောပါတယ်။

"ပထမတစ်ခုက ရခိုင်ရဲ့ရေဘေးအနေအထားအပေါ်မှာ ကူညီပံ့ပိုးမှုတွေ နှေးကွေး နေတာကြောင့် ပိုမိုကူညီပေးပါ ဆိုပြီး တောင်းဆိုပါတယ်၊ နောက်တစ်ခုက ပဋိပက္ခတွေ ကို ကျေးဇူးပြုပြီး နှစ်ဖက် မျှဆွေးနွေးပါပေါ့၊ ဘာတွေလုပ်ပေးမယ်တော့ မဟုတ်ဘူးဗျ၊ ကူညီပေးမယ့်ကိစ္စကို ဆက်သွယ်ဆောင် ရွက်မယ်လို့ ပြောပါတယ်"

မစ္စ ရန်ဟီးလီဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ၊ လူ့အခွင့်အရေးကော်မရှင်တို့ နဲ့ တွေ့ဆုံခဲ့သလို အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း သိရပါ တယ်။ သူဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။