မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ သွားမည်


2018.04.13
un-security-council-622.jpeg ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: AFP

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ အကျိုးသက်ရောက်မှုတွေကို မျက်မြင်လေ့လာဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဒီလအတွင်းသွားရောက်မှာဖြစ်ပြီး အီရတ်နိုင်ငံကိုတော့ ရွေးကောက်ပွဲမတိုင်ခင် လေ့လာရေးအနေနဲ့သွားမယ်လို့ ဆိုပါတယ်။

ခရီးစဉ်ဟာ ဧပြီလ ၂၆ ရက်ကနေ မေ ၂ ရက်နေ့အထိကြာမြင့်မှာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC အဖွဲ့ဝင် သံအမတ် ၁၅ ဦးပါဝင်မယ်လို့ ပြောခွင့်ရှိသူ စတက်ဖန်ဒူဂျာရစ် (Stephane Dujarric) က ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်ဖို့အတွက် ဖေဖော်ဝါရီလက တောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာအစိုးရက ဧပြီလအတွင်းမှာ လာရောက်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေက ရခိုင်ပြည်နယ်အတွင်းက စစ်ဆင်ရေးတွေဟာ အကြမ်းဖက်စစ်သွေးကြွတွေကို နှိမ်နင်းဖို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး UNSC ကတော့ နိုင်ငံတွင်းက ထွက်ခွာသွားတဲ့ ဒုက္ခသည်တွေကို အန္တရာယ်ကင်းစွာနဲ့ နေရပ်ပြန်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

UNSC ရဲ့ အီရတ်နိုင်ငံအလည်အပတ်ကတော့ လာမယ့် မေလမှာ ကျင်းပမယ့် ပါလီမန်နဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို ထောက်ခံပံ့ပိုးကြောင်း ပြဆိုဖို့သွားတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။