မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ်နဲ့ အမေရိကန် သမ္မတတို့ အထွေထွေညီလာခံမှာပြောဆို

2021.09.21
မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ်နဲ့ အမေရိကန် သမ္မတတို့ အထွေထွေညီလာခံမှာပြောဆို နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံတွင် တက်ရောက်မိန့်ခွန်းပြောကြားနေသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။
Photo: UNifeed

 မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် မိမိတို့ဆက်ပြီး မဆုတ်မနစ် အားပေးကူညီထောက်ပံ့နေမယ်ဆိုတာ သေချာအောင်ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတားရပ်စ်က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။

အလားတူ အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒန်ကလဲ အနာဂတ်ကမ္ဘာမှာ လူသားတွေအနေနဲ့ လွတ်လွတ်လပ်လပ် အသက်ရှုနေထိုင်နိုင်ဖို့ လိုအပ်တဲ့အကြောင်း၊ အာဏာရှင်တွေက ဒီမိုကရေစီစနစ် ကျဆုံးမယ့်နည်းလမ်းကို ရှာနေကြတဲ့အကြောင်း၊ ဒါပေမဲ့ သူတို့အထင်အမြင်မှားယွင်းကြောင်း၊ အမှန်တကယ်က ဒီမိုကရေစီဟာ နေရာအနှံ့မှာ ရှိနေပြီဖြစ်တဲ့အကြောင်း၊ ဒီမိုကရေစီဟာ အခုဆိုရင် ဒီမိုကရေစီအတွက် ရှေ့တန်းမျက်နှာပြင် ဖြစ်နေတဲ့ ဘီလာရုစ်၊ မြန်မာ၊ ဆီးရီးယား၊ ကျူးဘား၊ ဗင်နီဇွဲလား နိုင်ငံတွေက လာဘ်စားမှုဆန့်ကျင်ရေး သတင်းထောက်တွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေးကို ကာကွယ်တဲ့သူတွေကြားမှာ ရှင်သန်နေပြီဖြစ်တဲ့ အကြောင်းနဲ့ ကမ္ဘာကြီးမှာ လူသားတွေအတွက် အတူလက်တွဲဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။