မြန်မာ့ လူ့အခွင့်အရေး ကုလသမဂ္ဂ စစ်ဆေးသင့်ပြီ

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး ဝင်ရောက် စစ်ဆေးသင့်တယ်လို့ လူထု အခြေပြု အဖွဲ့အစည်းတွေက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒီကနေ့ တင်ပြခဲ့ကြပါတယ်။

2011.06.08
un_human_rights_council_305_z.jpg ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ
UN Human Rights Council

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ UPR ခေါ် နိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေ အတိုး အဆုတ် သုံးသပ် ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲမှာ မြန်မာအစိုးရရဲ့ ကိုယ်စားလှယ် အနေနဲ့ ဒေါက်တာထွန်းရှိန် ဦးဆောင်တဲ့ အဖွဲ့ တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စီးပွားရေးနဲ့လူမှုရေး ကောင်စီမှာ အတိုင်ပင်ခံ အဆင့်ရတဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေလည်း ပါဝင် ဆွေးနွေးခွင့် ရခဲ့ပါတယ်။ အဲဒီအဖွဲ့တွေ ကတော့ AI ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၊ HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့၊ အာရှ လူ့အခွင့်အရေး ကော်မရှင်၊ လက်တင် အမေရိကနဲ့ ပြင်သစ်က လူ့အခွင့်အရေးအဖွဲ့တွေ ဖြစ်ကြပါတယ်။

မြန်မာ အတိုက်အခံဘက်က ဆွေးနွေးခဲ့သူတွေက အဝေးရောက် ညွန့်ပေါင်းအစိုးရရဲ့ ကုလ သမဂ္ဂ ဆိုင်ရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းနဲ့ လူ့အခွင့်အရေး ပညာပေးအဖွဲ့က ဦးအောင်မျိုးမင်းတို့ ဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ ကလေး စစ်သား ကိစ္စ၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဆွေးနွေး ခဲ့ကြတယ်လို့ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

"အဓိက ဆွေးနွေးတာက နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ မကြာသေးခင်က အင်းစိန်ထောင်မှာ ဖြစ်သွားတဲ့ အစာငတ်ခံ ဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တိုက်ပိတ်တာတို့ မိသားစုနဲ့ ထောင်ဝင်စာပိတ်တာတို့ လုပ်နေတယ်။ ဒါကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က အကျဥ်းထောင်တွေကို ဝင်ရောက် ကြည်ရှု့ ကူညီခွင့်ပေးဖို့ ပေါ့နော်။ ကိုအောင်မျိုးမင်း အနေနဲ့လည်း ကလေးစစ်သားကိစ္စ၊ အဓမ္မ လုပ်အားပေး ကိစ္စ၊ ကျန်တဲ့ Amesty International တို့ Human Rights Watch တို့ စတဲ့ လူမှုအဖွဲ့အစည်း အတော်များများကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကို အမြန်ဆုံး ဖွဲ့သင့်တယ် ဆိုတဲ့ ကိစ္စကို တညီတညွတ်ထဲ ပြောသွားတာ တွေ့ရပါတယ်။ "

ဒီဆွေးနွေးချက်တွေကို လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြကြမှာ ဖြစ်တယ်လို့လည်း ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

အခု ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီရဲ့ UPR ခေါ် ပြန်လှန် သုံးသပ်မှု အစည်းအဝေးမှာ ဆွေးနွေးခွင့်ရတဲ့ အချိန် တိုတောင်းတဲ့ အတွက် အဖွဲ့ရဲ့ လုပ်ထုံး လုပ်နည်းတွေ အပေါ် ဒီမိုကရေစီ နိုင်ငံတွေရဲ့ အားမလို အားမရ ဖြစ်မှုတွေလည်း တွေ့ရသလို မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ ဒေါက်တာ သောင်းထွန်းတို့လည်း အားမရကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေက အချင်းချင်း ကာကွယ် ပြောဆိုတာတွေ တော်တော် များများ တွေ့ရတယ်လို့ ဆိုပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အတွက် Commission Inquiry ဆိုတဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး ဝင်ရောက် စစ်ဆေးဖို့ကိစ္စကို လာမယ့် ကုလသမဂ္ဂ အထွေေထွေ ညီလာခံကို ဆက်ပြီး တင်ပြနိုင်မှာ ဖြစ်တဲ့ အတွက် အကျိုးရှိတယ်လို့ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာ ၄ နှစ် တကြိမ် ကျင်းပလေ့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-09 12:14

Complaints about violating human rights by the Burmese military have been revealed for many times and many years which is like hearing a repeating same old song that can't be stopped.I think each and every person working in the UN should have known that. Most of the news media have expressed about this. But the UN stays like a statue that looks blind,
deaf and dumb. I think the number of people killed in Burma is needed to exceed one or two millions for the UN to take action.

Anonymous
2011-06-08 18:11

"I do not know the policy of UN, but if Aung San Suu Kyi request UN army for her security to the UN, the UN has right to send UN army for her security"

Please do it. Please do it. Now we need freedom.