UNFC တိုင်းရင်းသားများ ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ကြေညာ
2011.08.05

အဲဒီ အိတ်ဖွင့်ပြန်ကြားစာမှာ ဒေါ်အောင်ဆန်းစုကြည် အကြံပြု ထားတဲ့အတိုင်း မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဘက်ကလည်း လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုလားထောက်ခံကြောင်း ပြန်ကြားလိုက်တာ ဖြစ်ပါတယ်။
“ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” လို့ အစချီထားတဲ့ အဲဒီစာမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ KIO, KNU, မွန်ပြည်သစ်ပါတီ၊ SSA စတဲ့ လက်နက်ကိုင် တိုင်းရင်းသား ၄ ဖွဲ့ကို ရည်ညွှန်း ရေးခဲ့တာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါး ပါဝင်ဖွဲ့စည်းထားတဲ့ UNFC က အကြောင်းပြန်ကြားလိုက်ပါကြောင်း ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထံ ရေးသားတဲ့ UNFC ရဲ့အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ရှင်းပြပါတယ်။
“ကျနော်တို့ ပြောချင်တဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်က မြင်တယ်။ ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းရင် ဘယ်သူ့ဘက်မှာမှ ကောင်းကျိုးရှိမှာ မဟုတ်ဘူး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုတယ်ဆိုတဲ့ တင်ပြချက်ကို ကျနော်တို့မှာလည်း ဒီအမြင်ရှိကြောင်း ပြည်သူသိအောင် ထုတ်ပြန်တာဖြစ်တယ်”
UNFC ရဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားတာက တိုင်းရင်းသားတွေဟာ အမျိုးသားတန်းတူရေးနဲ့ ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကိုသာ အဓိက လိုလားကြောင်း ဖော်ပြထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |