ချင်းနဲ့ ပအိုဝ်းအဖွဲ့တွေကို UNFC အဖွဲ့ဝင်တွေအဖြစ်ကနေ ယာယီရပ်ဆိုင်း
2015.11.12
အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားတဲ့ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်နဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ကို UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းလိုက်ပြီး လာမည့် ဒီဇင်ဘာလဆန်းမှာ UNFC ကောင်စီ အစည်းအဝေးကျင်းပဖို့ ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ က ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခဲ့တာလို့ UNFC မှာ အထွေထွေအတွင်းရေးမှူး ၁ အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း အတည်ပြု ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦအောင်မိုးမြင့်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။