ငြိမ်းကော်မရှင်နဲ့ UNFC ဇွန် ၁ဝ ရက်နေ့ တွေ့မည်


2017.06.08
unfc-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က ကျင်းပတဲ့ UNFC အဖွဲ့နဲ့ DPN အဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ ဒေါက်တာတင်မျိုးဝင်း ကို တွေ့ရစဉ်
Photo: Aung Moe Myint/ RFA

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ်မထိုးရသေးတဲ့ UNFC ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ လာမည့် ဇွန်လ ၁ဝ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ဆုံကြဖို့ နှစ်ဖက် သဘောတူလိုက်ပြီလို့ သိရပါတယ်။

ဇွန်လ ၇ ရက်နေ့ ညနေ ၆ နာရီမှာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ရုံးကနေပြီး တရားဝင် အကြောင်းပြန်စာ ပေး ပို့ခဲ့တယ်လို့ UNFC တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် က RFA ကို ပြောပါတယ်။

"ဆွေးနွေးမည့် အကြောင်းအရာကတော့ ကျနော်တို့ အဆိုပြုချက် ၉    ချက်ပေါ်မှာ  အခြေခံပါလိမ့်မယ်၊ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲကို    တက်လှမ်းဖို့အတွက် အဲ့ဒီ NCA ဆိုတဲ့ဥစ္စာကို ကြားခံထားတဲ့အခါ ကြတော့ NCA    ပေါ်မှာ အခြေခံပြီး လုပ်ထားတဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲကို    တက်လှမ်းနိုင်ဖို့ အတွက် က NCA အဆင့်ကို ကျနော်တို့  ကျော်လွှားရမလိုဖြစ်နေတာပေါ့ NCA ကို ကျော်လွှားဖို့အတွက် က အဲ့ဒီ    အဆိုပြုချက် ၉  ချက်က ကျနော်တို့ ညှိနှိုင်းနေတယ်လေ၊ ဆိုတော့ အဲဒါက    မပြီးပြတ်သေးဘူး ဆိုတော့ အဲဒါကို ဆက်ညှိရမည့်သဘောဖြစ်နေတာပေါ့။"

ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ဘယ်သူတွေဦးဆောင်ပြီး လာရောက်ဆွေးနွေးမယ်ဆိုတာကိုတော့ မသိရှိ ရသေးဘူးလို့ ဦးထွန်းဇော် က ပြောပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။