ကုလအဖွဲ့တွေ ရခိုင်ပြည်နယ် ပဏာမ လေ့လာမှုပြီးစီး


2018.09.26
indrika-ratwatte-622.jpg UNHCR ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr Indrika Abeyaratne Ratwatte ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က စစ်တွေလေဆိပ်မှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ပဏာမ လေ့လာစစ်ဆေးမှုတွေ ပြီးစီးသွားပြီဖြစ်တဲ့အတွက် ရရှိတဲ့ အချက်အလက်တွေကို အခုလေ့လာစိစစ်နေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ UNHCR အရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီ ကုလအဖွဲ့အစည်း ၂ ခုက ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ နေ့စဉ်လူမှုဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်တွေကို မေးမြန်းတိုင်ပင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ကုလဝန်ထမ်းတွေကို မြန်မာအစိုးရက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေကို စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်ကာ သွားလာခွင့်ပြု ခဲ့ပြီးနောက် အခုလို ကွင်းဆင်းလေ့လာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ ကုလဝန်ထမ်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကန့်သတ်တားမြစ်ချက်မရှိဘဲ လွတ်လပ်စွာ သွားလာတွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။