ABSDF ကျောင်းသားတပ်မတော် ကနေ ခွဲထွက်ပြီး တပ်ဖွဲ့သစ်တစ်ခု တည်ထောင်
2014.09.06

ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်တဲ့ ရဲဘော်ခင်ကျော်က ABSDF ကနေခွဲထွက်ပြီး Union National Resistance Army ခေါ် ပြည်ထောင်စု ကာကွယ်ရေးတပ်ကို ဥက္ကဌ အနေနဲ့ တာဝန်ယူ တည်ထောင်လိုက်တဲ့အကြောင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က သိမ်ဇရပ်ကျေးရွာမှာ ဒီနေ ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကိုခင်ကျော်က RFA ကိုအခု လိုပြောပါတယ်။
"လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကနေပြီးတော့မှ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရဲဘော်တချို့နဲ့ အခုလက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တချို့၊ လူငယ်တချို့ကို တိုင်ပင်ပြီးတဲ့ အခါကျမှ ကျနော်တို့ ကျောင်းသား တပ်မတော်အဖြစ် ဆက်လက်မသွားတော့ပဲနဲ့ ပြည်ထောင်စု ကာကွယ်ရေးတပ် ဆိုပြီးတော့ ပြည်ထောင်စုရဲ့ လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နိုင်ဖို့ ဆိုပြီး ဒီနေ့ပဲ မီဒီယာကို တွေ့ဆုံပြီး ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ချပြတာဖြစ်ပါတယ်"
ABSDF ဒုတိယ ဥက္ကဌ ကိုမျိုးဝင်းကတော့ ဒီလိုမျိုး ကိုခင်ကျော် ခွဲထွက်သွားတာဟာ ABSDF နှစ်ဖက်ကွဲသွားတာ မဟုတ်ပဲ သူတစ်ဦးတည်းဆောင်ရွက်သွားတာဖြစ်ကြောင်း၊ သူ့ကိုလည်း အဖွဲ့ကနေ ထုတ်ပယ်လိုက်ကြောင်း ပြော ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကိုခင်ကျော်နဲ့ ကိုမျိုးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။