မြန်မာအတွက် ကုလအရေးပေါ် ရန်ပုံငွေ ဒေါ်လာခုနစ်သန်းရရှိ

RFA Burmese
2023.12.06
မြန်မာအတွက် ကုလအရေးပေါ် ရန်ပုံငွေ ဒေါ်လာခုနစ်သန်းရရှိ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ကရင်နီစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
Citizen Journalist
မြန်မာနိုင်ငံမှာ ဆက်နေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ထောက်ပံကူညီဖို့အတွက် ကုလရန်ပုံငွေ ဒေါ်လာ ခုနစ်သန်းရရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဒီဇင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
 
ဒီရန်ပုံငွေကို ကုလသမဂ္ဂ ဗဟို အရေးပေါ် တုံ့ပြန်ရေး ရန်ပုံငွေကနေ ခွဲတမ်းချလိုက်တာလို့ UNOCHA လက်ထောက် အတွင်းရေးမှူးချုပ် Martin Griffiths က ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ အောက်တိုဘာလကုန်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကနေ ရခိုင်ပြည်နယ်အထိ သာမက အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်းပိုင်းတွေအထိ တိုက်ပွဲတွေ ပျံ့နှံ့လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တိုက်ပွဲတွေကြောင့် ထပ်တိုးလာတဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သန်းခွဲကျော် ရှိနေတယ်လို့လည်း ဆိုပါတယ်။
 
ဆက်သွယ်ရေး၊ သွားလာရေးနဲ့ လုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပေမယ့် လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို UNOCHA က ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ထောက်ပံ့ကူညီနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
UNOCHA ရဲ့ ထောက်ပံ့ကူညီရေး အစီအစဉ်အတွက် ရန်ပုံငွေဟာ သုံးပုံတစ်ပုံအောက် လျော့နည်းနေပြီး နောက်ထပ် ထောက်ပံ့ကူညီမှုတွေ အရေးပေါ်  လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
 
ကုလသမဂ္ဂ ဗဟို အရေးပေါ် တုံ့ပြန်ရေး ရန်ပုံငွေဟာ ပဋိပက္ခ ဘေးသင့်သူတွေကို ထောက်ပံ့ကူညီပေးနေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းတွေအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။