အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ကျင်းပ

မြန်မာပြည်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အတွက် စွန့်လွှတ် အနစ်နာခံ လှုပ်ရှားဆောင်ရွက်နေကြရင်း ဖမ်းဆီး ထိန်းသိမ်းခံရပြီး အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ပေး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချီးမြှင့်ပေးအပ်တဲ့ အညတြ သူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။

2011.06.06
unsung_hero_award_japan_305_z.jpg နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်သူ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊ ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီပေးခဲ့သူ ဦးသန်းနိုင် တို့ကို အညတြ သူရဲကောင်းတွေ အဖြစ် ရွေးချယ်ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
demowaiyan

ပွဲစီစဉ် ကျင်းပသူတွေနဲ့တကွ တက်ရောက်လာသူတွေ အားလုံးကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို သတင်း စကားပေးပို့ပြီး နှုတ်ခွန်းဆက်တဲ့ အပြင် ယုံကြည်ချက်ကြောင့် အနစ် နာခံ လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ကူညီ ထောက်ပံ့ကြဖို့တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

"အခုလို အညတရ သူရဲကောင်းများဆိုပြီးတော့ ဂုဏ်ပြုဆုကို ချီးမြင့်တဲ့ အခမ်းအနားမျိုး၊ ဂုဏ်ပြုတဲ့ စိတ်ဓါတ်မျိုးကို ကျမ အများကြီးဘဲ ကျေးဇူးတင်ပါတယ်။ ဂုဏ်လဲ ယူပါတယ်။ လေးလည်းလေးစားပါတယ်။ ဒီလိုဘဲ သတ္တရှိရှိနဲ့ ကိုယ်ထင်ပေါ်ဖို့ မဟုတ်ဘူး၊ ကိုယ့်ရဲ့ စိတ်ချမ်းသာဖို့အတွက် မဟုတ်ဘူး၊ ဘယ်လို အကျိုးခံစာမှုမျိုးအတွက်မှ မဟုတ်ဘဲနဲ့ ယုံကြည်ချက်အရ လုပ်ကိုင်ပြီးတော့ ယုံကြည်ချက်အရ လုပ်ကိုင်ခဲ့လို့ အနစ်နာခံခဲ့ရတဲ့ အနစ်နာ ခံနေဆဲ ဖြစ်တဲ့ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး အမြန်ဆုံး လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ဝိုင်းပြီးတော့ ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။"

ပထမအကြိမ် အညတြ သူရဲကောင်းဆုကို ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ကျင်းပတဲ့ သက်ကြီး ပူဇော်ပွဲမှာ ကြေညာပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဆုအတွက် နိုင်ငံရေး အကျဉ်းကျတွေ ဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်တဲ့ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊ ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီ ပေးခဲ့သူ ဦးသန်းနိုင် တို့ကို NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ဦးဆောင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခဲ့ပါတယ်။ ဒုတိယ အကြိမ်မြောက် ဆုချီးမြှင့်ပွဲကို မကြာမီ အချိန်မှာ ပေးအပ်နိုင်ဖို့ဆောင်ရွက်နေကြောင်းနဲ့ ၅ ဦးအထိ တိုးမြင့်ပေးအပ်နိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက အသေးစိတ် တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-07 17:27

To Burmese youth,
Please download and read about "Loyal Karens of Burma" on the following link.
http://www.archive.org/details/loyalkarensofbur00smearich