နိုဝင်ဘာလကုန် ဆွေးနွေးပွဲ ပြန် စနိုင်ဖို့ UWPC နဲ့ NCCT ဆွေးနွေး
2014.11.10

ဒီလအတွင်းမှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ် စဲရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင် စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖဲ့ွနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တချို့ ဟာ နေပြည်တော်က နိုင်ငံတော်သမ္မတရုံးမှာ ဒီနေ့ တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်တယ် လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ က ပြောပါတယ်။
"ဒီဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက်ချတာမဟုတ်ပေမဲ့ ရလာဒ်တစ်ခုအနေနဲ့ကတော့ အခုတစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှှုရပ်စဲရေး စာချုပ်ဆက်ချုပ် ဆိုနိုင်ဖို့အထိ ပြီးရင်တော့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို သွားမယ်လို့ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခွင့်ရခဲ့တယ်၊ ရှေ့ဆွေးနွေးပွဲတွေကို ဘယ်လိုပြန်ပြီၤးတော့ ကျင်းပနိုင်မလဲဆိုတာကို တစ်ဖွဲ့ချင်းအနေနဲ့ အလွတ်သဘော ဆွေးနွေးကြည့်တဲ့သဘောပါပဲ၊ ဝန်ကြီးဦးအောင်မင်းဘက်ကတော့ နိုဝင်ဘာလထဲမှာပဲ တွေ့ဆုံဆွေးနွေးတွေ ဆောင်ရွက်ဖို့တော့ အဆိုပြုထား ပါတယ်"
ဆွေးနွေးပွဲကို ဦးနိုင်ဟံသာ ဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖဲ့ွနဲ့ ဝန်ကြီးဦးအောင်မင်း၊ ဦးဝင်းထွန်း၊ ဦးခင်ရီ၊ ဦးသန်းဌေးတို့ တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုမရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီလ အတွင်း ပြန်လည်ကျင်းပမယ့် ဆွေးနွေးပွဲမှာ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်း အစည်းအဝေးတက်ရောက်ခဲ့တဲ့ MPC က အထူးအကြံပေး ဦးလှမောင်ရွှေကို မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။