ဦးပြုံးချို အပါအဝင် ၅ ဦးကို တရားရုံးထုတ်


2017.09.04
upyonecho-court-622.jpg ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးမှာ ရုံးထုတ်လာစဉ်
Photo: Htet Arker/ RFA

အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ ရုံးထုတ်ခဲ့ပေမယ့် အမှုစစ်ဆေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

တရားလိုဘက်က လာရောက်ခြင်းမရှိတဲ့အတွက် စစ်ဆေးမှု မပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့ကို အမှုပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို၊ ပြည်ထဲရေးအရာရှိ ၃ ဦးအပါအဝင် ၆ ဦးကို ရန်ကုန်မှာရှိတဲ့ မြေကွက်တစ်ကွက်နဲ့ ပတ်သက်ပြီး သိန်းထောင်နဲ့ချီ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင် က တရားလိုပြုလုပ်ကာ ဗဟန်းမြို့မရဲစခန်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ တို့နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုမှာပါတဲ့ မော်လိုက်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်ရဲသွေး ကိုတော့ ဝရမ်းပြေးအဖြစ် ကြေညာထားပါတယ်။

အဲဒီကိစ္စဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။