မူးယစ်ဆေးဝါး ထိန်းချုပ်ဖို့ တိုက်တွန်း
2017.08.12

အနာဂတ်ရဲ့သားကောင်းတွေဖြစ်တဲ့ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲနေရင် နိုင်ငံတော်မှာ နစ်နာမှုတွေရှိနိုင်တဲ့ အတွက် ထိန်းချုပ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးစစ်အောင်က တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို တက်ရောက် လာတဲ့ ညွှန်ကြားရေးမှူး ဦးမျိုးစစ်အောင်က ပြောတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရရှိထားတဲ့ ပြည်နယ်နဲ့ မတည်ငြိမ်တဲ့ ဒေသတွေမှာ ဖံ့ွဖြိုးမှုမတူညီတာကြောင့် အခုလို ရန်ကုန်မြို့ လို နေရာမျိုးမှာ ငြိမ်းချမ်းရေးပွဲကို လူငယ်တွေက ဦးဆောင်ကျင်းပတဲ့အပေါ် ကြိုဆိုကြောင်းလည်း ဦးမျိုးစစ်အောင် က ပြောပါတယ်။
အခမ်းအနားကို ရန်ကုန်ပညာရေးတက္ကသိုလ် တာဝန်ရှိသူတွေ၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ်နဲ့ နယ်ပယ်အသီးသီးက လူငယ် ၃၀၀ ကျော် တက်ရောက်ပြီး စာတမ်းတို ဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။