စစ်ကောင်စီကို တိုးချဲ့အရေးယူဖို့ အမေရိကန် နည်းလမ်းရှာဖွေနေ

2021.12.15
စစ်ကောင်စီကို တိုးချဲ့အရေးယူဖို့ အမေရိကန် နည်းလမ်းရှာဖွေနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ရစဉ်
Photo: AFP

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်ကောင်စီအပေါ် အရေးယူမှုတွေ တိုးချဲ့ရေးအတွက် နည်းလမ်းတွေ ရှာဖွေနေကြောင်းနဲ့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နိုင်သလားဆိုတာကိုလည်း လေ့လာဆန်းစစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် စစ်ကောင်စီကို မိမိတို့ အမေရိကန် နိုင်ငံ တစ်ခုတည်းအနေနဲ့ ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ တိုးချဲ့အရေးယူဖို့ အင်မတန်အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သူက အခုလို ပြောကြားခဲ့တာပါ။

မိမိတို့ ဖိအားပေးအရေးယူမှုတွေ ပြုလုပ်နေပေမယ့် မြန်မာပြည်ရဲ့ အခြေအနေက ပိုမိုဆိုးဝါးလာနေတယ်၊ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ လာမယ့်နှစ်အတွင်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ သူတို့သဘောတူလက်မှတ်ထိုးထားတဲ့ အာဆီယံ ဆုံးဖြတ်ချက် ၅ ချက်ကို လက် တွေ့အကောင်အထည်ဖော်ရန် အချိန်တန်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

naing lin
2021-12-15 15:22

ကျွန်တော်အမြင်က တရုတ်အားကိုးနဲ့မင်းအောင်လှိုင်အတင့်ရဲနေတာပါ အကြမ်းဖက်အုပ်စုကိုစာနဲ့ပေနဲ့ပြောလို့အရေးလုပ်မှာမဟုတ်ဘူးဗျ ဖိအားပေးပိတ်ဆို့လေ ပြည်သူ‌တွေအပေါ်ရက်စက်မှုတွေပိုများ‌‌လေပဲ လူမျိုးတုန်းသတ်ဖြတ်တာထက်ပိုနေပြီဗျ နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့စည်းတွေကဘာလို့အခုချိန်ထိ ‌‌ဖက်ဆစ်စစ်တပ်ထက်ပိုပြီးရက်စက်ယုတ်မာနေတာကိုလက်ပိုက်ကြည့်နေတော့မှာလား အဲဒီလိုဆိုရင် ကျွန်တော်တို့ပြည်သူတွေအားလုံးသေမှ အကူညီပေးဖို့တောင်းဆိုချင်ပါတယ်