ခိုင်မာတဲ့လုပ်ရပ်တွေ ဆောင်ရွက်ပြဖို့ ဟီလာရီ ကလင်တန် တိုက်တွန်း
2011.09.15

(Photo: AFP)
သြစတေးလျ အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက်၊ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell ဟာ သူ့ရဲ့ ပထမဆုံး မြန်မာပြည် ခရီးမှာ အကျိုးရှိတဲ့ တွေ့ဆုံမှုတွေ ရရှိခဲ့ကြောင်း၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိစ္စ အတော်များများမှာ အလေးအနက်
မေးခွန်းထုတ်စရာတွေ၊ စိုးရိမ် ပူပန်စရာတွေ ရှိနေသေးတယ် လို့လည်း မစ္စစ် ကလင်တန်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ် နောက်ခံပြုထားတယ်လို့ ပြောနေကြတဲ့ အစိုးရဟာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ တိုင်းရင်းသား လူမျိုးုတွေနဲ့ သတင်းမီဒီယာတွေ အပေါ်မှာလည်း ဆက်လက် ဖိနှိပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာအစိုးရဟာ ပြောခဲ့တဲ့စကား အတိုင်း လိုက်နာ ဆောင်ရွက်ဖို့၊ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ လူ့အခွင့်အရေး အပေါ် လေးစားရေး တို့ဆီကို ဦးတည်တဲ့၊ ခိုင်မာတဲ့ လုပ်ရပ်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။