အမေရိကန်သံရုံး တောင်းပန်


2016.07.25
american-embassy-620.jpg ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမေရိကန်သံရုံးကို ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းကတွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးမှာ မနေ့ညက မျက်ရည်ယိုဗုံး စမ်းသပ်ဖောက်ခွဲ ရာမှာ ဓါတ်ငွေ့တွေ ပျံ့လွင့်သွားပြီး လမ်းသွားလမ်းလာတွေ ခံစားခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အဲဒီလို ဓါတ်ငွေ့တွေပျံ့လွင့်ခဲ့ရာမှာ ဘယ်သူမှဒဏ်ရာမရရှိခဲ့ပေမယ့် သံရုံးအနီးပတ်ဝန်းကျင်က စီးပွားရေး လုပ်ငန်းတွေနဲ့ လမ်းသွားလမ်းလာတွေအတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အခုချိန်မှာ သံရုံးရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ပါရှိပါတယ်။

မနေ့ညက ဓါတ်ငွေ့တွေအပြင်ကို ၁၅ မိနစ်ခန့် ပျံ့နှံ့ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာတွေဟာ နှာမွှန်တာ၊ အသက်ရှူကြပ်တာ၊ မျက်လုံးစပ်တာတွေ ခံစားခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။