ထိရောက်စွာ သွားခွင့်မရသေးဟု ကုလ ကိုယ်စားလှယ် ပြောကြား


2018.08.22
maungtaw-station-622.JPG ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှု ညှိနိုင်းရေးမှူး Knut Ostby ကနု အော့စ်ဘီ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည် နယ်မြောက်ပိုင်းက သက်ဆိုင်ရာဒေသအားလုံးကို မိမိတို့ အဖွဲ့အစည်းတွေ ထိထိရောက်ရောက် လွတ်လွတ် လပ်လပ် သွားလာခွင့် မရသေးဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာ ၂၃ ခုကိုပဲ ကနဦးစမ်းသပ်စီမံချက်အနေနဲ့ သွားခွင့်ပြု ထားကြောင်း၊ လိုအပ်တဲ့နေရာအားလုံးကို သွားခွင့်ရမှလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် မှာဖြစ်ကြောင်း၊ မိမိတို့က စီမံချက်တွေကို ကျယ်ကျယ်ပြန်ပြန့်နဲ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ်လိုကြောင်း နဲ့ အခုသွားခွင့်မရသေးတဲ့အချက်ကို အစိုးရထံ တင်ပြညှိနှိုင်းနေကြောင်းလည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရပြောခွင့်ရ ဦးဇော်ဌေးက ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP အနေနဲ့ ကနဦးရှေ့ပြေးစီမံချက်ကို အကောင်အထည်ဖေါ်မယ်လို့ သူသိရှိထားကြောင်းနဲ့ တကယ်လို့ ဒီလောက်နဲ့ မလုံလောက်ဘူးဆိုရင် အစိုးရနဲ့ ညှိနိုင်းဖို့လိုကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။