မြန်မာ့အရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ အမေရိကန် စေလွှတ်မည်

2021.10.16
မြန်မာ့အရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ အမေရိကန် စေလွှတ်မည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ မူဝါဒဆိုင်ရာ အကြံပေး အတိုင်ပင်ခံ Derek Cholletကို ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင် ဖို့ အတွက်၊ အဖွဲ့တစ်ဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ထိုင်း၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရှေ့လာမယ့် သီတင်းပတ်မှာ စေလွှတ်မယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ မူဝါဒဆိုင်ရာ အကြံပေး အတိုင်ပင်ခံ Derek Chollet က ဦးဆောင်မှာဖြစ်ပါတယ်။ ခရီးစဉ်အပြန်မှာ ဂျပန်နိုင်ငံကို ဝင်ရောက်ပြီး၊ မြန်မာနိုင်ငံအရေးနဲ့ အင်ဒို ပစိဖိတ်ဒေသဆိုင်ရာ ပြဿနာတွေ ဆွေးနွေးမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှ ခရီးစဉ်အတွင်း အမေရိကန် အရာရှိတွေအနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ပြီး၊ ဒေသတွင်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ရဲဝင်း
2021-10-18 18:55

မအလ မအလ မအလ မအလ မအလ မအလ မအလ ဖင်တုန်နေပြီ။