အမေရိကန် မြန်မာဆက်ဆံရေး တရုတ်အစိုးရ စိုးရိမ်

အမေရိကန်က မြန်မာနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်လာတာဟာ တရုတ်နိုင်ငံကို ဦးတည်ထား ကန့်သတ်လိုတဲ့ ရည်ရွယ်ချက်မျိုး မဖြစ်သင့်သလို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ်အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တျန်ကိုင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.04.25

မြန်မာ့အရေးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်လို့ တရုတ်ပြည်အနေနဲ့ အမြဲတမ်း အာရုံစိုက်ကြည့်နေပါတယ်။ အမေရိကန်က အရင်တုန်းက မြန်မာနဲ့ မဆက်သွယ်ခဲ့ဘဲ အခုမှ ဘာကြောင့် အရေးတယူ လုပ်လာတယ်ဆိုတာ မေးချင်ပါတယ်လို့ သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာတာနဲ့အမျှ အမေရိကန်နိုင်ငံကလည်း ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လာနေတာဖြစ်ပြီး တရုတ်ရဲ့ အိမ်နီးခြင်း နိုင်ငံတွေကို အမေရိကန်က သူ့ရဲ့မဟာမိတ်ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ တရုတ်အစိုးရ သတင်းစာတွေက စိုးရိမ်ချက်တွေကို ရေးသားကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အမေရိကန်ဆိုင်ရာ မြန်မာနိုင်ငံ အထူးသံကိုယ်စားလှယ် Derek Mitchell တရုတ်နိုင်ငံကို လည်ပတ်ခဲ့စဉ်က အမေရိကန်အနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်မယ့် ဆက်ဆံရေးမျိုး မဟုတ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။