၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော်မှာ ရုံးထုတ်စစ်ဆေး


2014.07.03
usansint-jul-3-305 နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဇူလိုင်လ ၃ ရက်နေ့က သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ရုံးထုတ်လာစဉ်
Photo: Myo Thant Khaing/RFA

နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခံထား ရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က သူ့အနေနဲ့ ဘဏ္ဍာငွေ အလွဲသုံးစားမှု မလုပ်ခဲ့ကြောင်း ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးအပြီး သတင်းထောက်တွေက မေးမြန်း စဉ် ဦးဆန်းဆင့်က ပြောခဲ့တာဖြစ်ပါတယ်။

"မဟာသန္တိသုခနဲ့ ပတ်သက်လို့ ရပ်တည်ချက်က အမှန်ပါ၊ ကျနော့်ရပ်တည်ချက်က ဆရာတော် သံဃာတော် မဟနက ကျနော်တို့ကို မှန်ကန်တဲ့ အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်၊ ကျနော် သာသနာ့ကိစ္စဆောင်ရွက်သော်လည်းပဲ ကျနော့်ကို စစ်ပြီးသားကိစ္စကို ကျနော့်ကို အရေးယူဖို့ဆောင်ရွက် တာ အလွန်ပဲ မတရားပြုလုပ်တယ်လို့ပဲ သုံးသပ်ပါ တယ်၊ ပြည်သူ့ဘဏ္ဍငွေကို အလွဲသုံးစားမလုပ်ပါဘူး၊ ယနေ့အထိ ကျနော်သစ္စာဆိုရဲပါတယ်၊ ကျနော်ငါးပြား တစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာမရှိပါဘူး"

ဒါ့အပြင် မဟာသန္တိသုခကျောင်းတိုက်ကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တာဖြစ်ကြောင်း၊ ဆရာတော်တွေအနေနဲ့ သူ့ဘက်ကရပ်တည်ပေးဖို့နဲ့ ကူညီစောင့်ရှောက်ပေးဖို့လည်း ဦးဆန်းဆင့်က ပြောခဲ့ပါတယ်။

ဦးဆန်းဆင့်ကို ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ လာမယ့် ဇူလိုင်လ ၁၇ရက်နေ့မှာ အမှုစစ်ဆေးဖို့ ရက်သတ်မှတ်ပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့က သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ဝန်ကြီးဌာနပိုင်ငွေ အလွဲသုံးစားမှုနဲ့ ဖမ်းဆီးလိုက်ပြီး ဇွန်လ ၁၉ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး တာဝန်ကနေ ရပ်စဲလိုက်တာဖြစ် ပါတယ်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒီနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ပြီး ရမာန်ယူခဲ့တာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ မိသားစု နောက်ဆုံးအခြေအနေအကြောင်း ဦးဆန်းဆင့်ရဲ့နေအိမ်ကို အဝင်အထွက်ရှိတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။