ပြင်ဆင်ထားတဲ့ "ပြောင်းလဲချိန် တန်ပြီ" အခွေ ဖြန့်ချီမှု ပြည်ခိုင်ဖြိုး တိုင်ကြား


2015.10.18
usdp-myeik-620.jpg ပြင်ဆင်ထားတဲ့ ပြောင်းလဲချိန်တန်ပြီ အခွေတွေကို ဖြန့်ချီတာကြောင့် အရေးယူပေးဖို့ ပြည်ခိုင်ဖြိုးပါတီကတိုင်ကြားတာကို ကျွန်းစုမြိုနယ်ရွေးကောက် ပွဲကော်မရှုင်ရုံးမှာ ညှိနှိုင်းရေးလုပ်နေစဉ်
Photo: Kyaw Lwin Oo/ RFA

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရိုက်ကူးဖြန့်ဝေနေတဲ့ ပြောင်းလည်းချိန်တန်ပြီ ဇာတ်ကားမှာ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အခွေတွေ ဖြန့်ဖြူးနေတာကို အရေးယူပေးဖို့ ပြည်ခိုင်ဖြိုးပါတီက ကျွန်းစုမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့ မြို့နယ်ကော်မရှင် ဥက္ကဌက ပြောပါတယ်။

NLD ပါတီက ဖြန့်ချီနေတဲ့ ပြောင်းလဲချိန်တန်ပြီ အခွေမှာ နဂိုမူရင်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ထားတဲ့ အခွေတွေကို ဖြန့်ချီတာကြောင့် အရေးယူပေး ဖို့ ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားတာလို့ ကျွန်းစုမြိုနယ်ရွေးကောက်ပွဲ ကော်မရှုင်ဥက္ကဌ ဦးအောင်ဝင်းက ပြောပါတယ်။

"ပြောင်းလဲချိန်တန်ပြီဆိုတာက နောက်ထပ်ပြန်ပြုပြင်ထားတဲ့ခွေလားမသိဘူး၊ ၈၈ အရေးခင်းပါတယ်၊ နောက်ပြီးတော့ ကျောင်းသားအရေးခင်း ပါတယ်၊ ပြောင်းလဲချိန်တန်ပြီဆိုတာ ဟိုကနေမူရင်းပေးတဲ့အခွေမဟုတ်ဘူး၊ ထပ်ပြီးတော့ဖန်တီးထားတဲ့ အခွေဖြစ်တယ်"

မြို့နယ်ကော်မရှင်ရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေညှိနှိုင်းဖြေရှင်းရေး ကော်မတီအစည်းအဝေးမှာတော့ ပြည်ခိုင်ဖြိုးပါတီ က တိုင်ကြားတဲ့ အမှု ၃ မှုနဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေးပါတီက တိုင်တဲ့အမှုတစ်မှုကို ဖြေရှင်းနေခဲ့ရတယ် လို့ သိရပါတယ်။

ကျွန်းစုမြိုနယ်မှာ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကျေးရွာပေါင်း ၁၆၂ ရွာရှိပြီး မဲပေးခွင့်ရှိသူ ၈၅ဝဝဝ နီးပါးရှိပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့တာဖြစ်ပြီး  ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်တင်တင်ရီ အနိုင်ရရှိခဲ့တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။