ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောဆို
2011.08.06
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရှိသူ ဦးအုန်းကြိုင်ကို မေးကြည့်တဲ့အခါမှာ
“အခုထိတော့ ဒီကိစ္စ ကျနော်တို့ ဘာမှ မသိသေးပါဘူး။ ဘာအကြောင်းစာမှ မရသေးပါဘူး။ ”
ဒါဟာ ကောင်းတဲ့အလားအလာတရပ်လို့ ရှုမြင်သူတွေ ရှိပေမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးမှုလို့ ယူဆသူတွေလည်း ရှိပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ သတင်းထောက်တွေကို အခုရက်ပိုင်းတွေမှာ နယ်ခရီးစဉ်တွေကို ခေါ်သွားတယ်လို့လည်း သိရပါတယ်။