USDP ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ


2018.10.11
theintunoo-usdp-622.jpg ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကို တွေ့ရစဉ်
Photo: Khaymani Win/RFA

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။


သပိတ်ကျင်းမြို့နယ်မှာ မနေ့က တစ်ခုဖျက်ဆီးခံရပြီး ပြီးခဲ့တဲ့ ၇ ရက်နေ့က မြင်းခြံမြို့နယ်မှာ စိုက်ထူထားတဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာဖြစ်ကြောင်း မန္တလေးမြို့ ကြံ့ခိုင်ရေးပါတီရုံးမှာ သတင်းမီဒီယာသမားတွေနဲ့ ဒီနေ့တွေ့ဆုံစဉ်မှာ ဦးသိန်းထွန်းဦးက ပြောလိုက်တာဖြစ်ပါတယ်။

“ဒီမိုကရေစီစနစ်မှာ ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်ကြိုးစားဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီတွေကို အခုလို ဖျက်လိုဖျက်စီးအကျိုးပျက်စီးအောင် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်အောင် လုပ်ဆောင်နေတဲ့ မည်သူ့ကိုမဆို ပါတီက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါတယ် “

သပိတ်ကျင်းမြို့နယ်မှာ ဆိုင်းဘုတ်တွေ ဖျက်ဆီးသွားတဲ့ တရားခံကို ဖမ်းဆီးရမိခဲ့ပြီး မြင်းခြံမြို့နယ်က ဖျက်ဆီးသွားတဲ့ တရားခံကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ အရေးယူပေးဖို့ တင်ပြထားတယ်လို့လည်း သိရပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၃ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နေရာ ၁၀ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို အများစုမှာ အနိုင်ရမယ်လို့ မျှော်မှန်းထားကြောင်းလည်း ဦးသိန်းထွန်းဦး က ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှာ ပါတီဝင်အင်အား ငါးသန်းကျော်ရှိပြီး တိုင်းဒေသကြီးတွေက မဲဆန္ဒနယ်တွေမှာသာ အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးသွားမယ်လို့လည်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။