ပြည်ခိုင်ဖြိုး ဦးလှဌေးဝင်းနဲ့ အန်အယ်လ်ဒီ ဒေါ်ခင်မျိုးသွင် အပြိုင်မဲဆွယ်


2015.09.18
hlahtaywin-usdp-candidate-620.jpg ဇေယျာသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း ကိုတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းတို့ဟာ ဒီကနေ့ သူတို့ရဲ့ မဲဆန္ဒနယ်မှာ အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြပါတယ်။

အရင်က လယ်ယာမြေကိစ္စတွေမှာ ထိထိရောက်ရောက် မကူညီနိုင်ပေမယ့် အခုတော့ ထိရောက်အောင် ကူညီဖို့အခွင့်အလမ်းရလာပြီလို့ ဒေါ်ခင်မျိုးသွင်က မဲဆွယ်ဟောပြောပွဲမှာ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဒီကနေ့ မဲဆွယ်စည်းရုံးရာမှာ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ကူညီမယ်လို့ ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ဒီကနေ့ ဇေယျာသီရိမြို့နယ်က ကျဉ်တောင်ကျေးရွာ၊ ခေါမကျေးရွာ၊ သာယာဝင်း၊ မွန်းတည့်ခွင်တောင်၊ မွန်းတည့်ခွင်မြောက်ကျေးရွာတွေမှာ မိုးရွာနေတဲ့ကြားထဲက အပြိုင်မဲဆွယ်ခဲ့တာဖြစ် ပါတယ်။ ဇေယျာသီရိမြို့နယ်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသွင်နဲ့ ဦးလှဌေးဝင်းတို့ရဲ့ ဒီကနေ့ အပြိုင်မဲဆွယ်ပွဲအကြောင်း RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။