ညောင်ရွှေက အနိုင်ရ NLD ကိုယ် စားလှယ်ကို USDP ကန့်ကွက်


2017.05.15
usdp-sue-nld-620.jpg ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရလဒ်များကို ရေတွက်နေစဉ်
Photo: Aung Thain Kha/RFA

တရားမဲ့ပြုကျင့်မှုနဲ့ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး ကန့်ကွက်လာတာဖြစ်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း ကပြောပါတယ်။

"ဒီနေ့ကနောက်ဆုံးရက်ဆိုတော့ ရုံးပိတ်ချိန်ထိတော့ ကျနော်တို့ က လက်ခံပေးဖို့ရှိပါတယ်။ တစ်ခုထပ်တိုး ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက လေးစောင်ပဲရှိတယ်လေ။ အခုဆိုညောင်ရွှေကပါ ကန့်ကွက်မှု တစ်ခုထပ် တိုး လာပါတယ်ဗျ။  ညောင်ရွှေက ကန့်ကွက်တဲ့သူက ဦးစံရွှေဗျ။ အနိုင်ရသွားတာက အန်အယ်လ်ဒီက ဦးခင်မောင်ဝင်း ။ကန့်ကွက်တာဦးစံရွှေ ပြည်ခိုင်ဖြိုးပါတီက လေ။"

ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်နိုင်ခဲ့တဲ့ ကော့မှူး၊ လှိုင်သာ ယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွေက  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို သက်ဆိုင်ရာ မြို့နယ်အသီး သီးက ကြံခိုင်ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကလည်း  ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ က ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတာ ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် က ၆ နေရာ ၊ ကြံခိုင်ဖွံ့ဖြိုး ရေး ပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁ နေရာနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ( ကယားပြည်နယ်) က ၁ နေရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ရွေးကောက်ပွဲအောင်နိုင်ခဲ့သူတွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေက ယှဉ်ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်ချင်တယ်ဆိုရင် ကော်မရှင်က အနိုင်ရကိုယ် စားလှယ်အမည်ကို ကြေညာပြီး ၄၅ ရက်အတွင်း ကန့်ကွက်ရမှာ ဖြစ်တာကြောင့် ဒီနေ့နောက်ဆုံးထား ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာပေးပို့ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။