ပြောတဲ့ ချေးငွေမရလို့ ရွာသား ၆ဝ ပြည်ခိုင်ဖြိုးပါတီမှ နှုတ်ထွက်


2015.09.28

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မြောက်လွှတ်ပင်ကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ချေးငွေ ကျပ်သိန်း ၃ဝဝ မရလို့ဆိုပြီး အဲဒီကျေးရွာ က ပြည်ခိုင်ဖြိုးပါတီဝင် ၆ဝ ကျော်ဟာ ပါတီကနေ နှုတ်ထွက်လိုက် ပါတယ်။

ချေးငွေရရှိဖို့အတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ချေးငွေတွေ မရတဲ့အတွက် ခုလို ပါတီကနေ နှုတ်ထွက်လိုက်ကြတာဖြစ်တယ် လို့ မြောက်လွတ်ပင် ကျေးရွာက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ကိုဇော်မြင့်ကျော်က ပြောပါတယ်။

"ညောင်ဝင်းအုပ်စု မြောက်လွတ်ပင်ရွာက နှစ်ရွာပေါင်းမှ တစ်အုပ်စုတည်းကို၊ နှစ်ရွာပေါင်း ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ခဲ့လို့ ကျနော်တို့ရွာကနေရမယ့် အခွင့်အရေးက လုံးဝမရခဲ့ပါဘူး၊ ဘာအခွင့်အရေးလဲဆိုတော့ သိန်း ၃ဝဝ ချပေးခဲ့ပါတယ်၊ ညောင်ဝင်း အုပ်စုဆိုပြီးရခဲ့ပါတယ်၊ မြောက်လွတ်ပင်ရွာကတော့ မရခဲ့ပါဘူး၊ ကျနော်တို့က တစ်အုပ်စု တည်းဖြစ်နေတာကြောင့် တူတူရချင်တာပါ၊ ဒီအုပ်စုကိုကျအောင် ပြည်ခိုင်ဖြိုး က လျှောက်ပေးတာပါ၊ ပြည်ခိုင်ဖြိုးက ချလိုက်တယ်လို့ပဲ သဘောထားပြီးတော့ ပြည်သူ လူထုကနှုတ်ထွက် တာပါ "

ချေးငွေ ရရှိဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက  ကူညီဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက်  ဒေသခံရွာသားတွေ က အစိုးရက ထုတ်ပေးတာမှန်းလို့ မသိကြဘဲ ပါတီကနေ ထုတ်ပေးတဲ့ချေးငွေဆိုပြီး ယူဆနေတာဖြစ်ပါတယ်။

ညောင်ဝင်းကျေးရွာအုပ်စုမှာ ညောင်ဝင်းရွာနဲ့ မြောက်လွတ်ပင်ရွာဆိုပြီး ရွာ နှစ်ရွာရှိပြီး အိမ်ထောင်စုပေါင်း ၄ဝဝ ကျော်ရှိပြီး  အဲဒီရွာ ၂ ရွာထဲက ညောင်ဝင်းရွာ အတွက်သာ ချေးငွေရရှိခဲ့တယ်လို့လဲ  သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။