တနင်္သာရီတိုင်းဒေသကြီး မှာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ


2015.09.23

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးဆိုင်းဘုတ်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေ မနေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီလိုဖျက်ဆီးခံရတာကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြတိုင်ကြားထားတယ်လို့ ပုလောမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးအဖွဲ့မှူး ကိုမျိုးမင်းဦးက ပြောပါတယ်။

"ဆိုင်းဘုတ်ကို သူတို့နှုတ်တယ်၊ အလံတွေ၊ နိုင်ငံတော်အလံတွေကိုလည်း အဲ့လိုပဲ၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကိုတော့ ခဲနဲ့ပစ်တာလား၊ ဂွနဲ့ ပစ်တာလားဆိုတာမသိဘူး၊ ကေ်ာမရှင်ကိုတော့ အကြောင်းကြား ထားတယ်"

ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်က ပါတီရုံးဆိုင်းဘုတ်ကို ဖြုတ်ချပြီး လွှင့်ပစ်ခဲ့တာ ရှိသလို မနေ့ညကလည်း ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်မှာ တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုင်း ဘုတ်ကို ခဲတွေနဲ့ ပစ်ပေါက်ပြီး ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့သြဂုတ်လက ရှမ်းပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ တာတွေ ရှိပါတယ်။

ပုလောမြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။