USDP လယ်သမား၊ အလုပ်သမားနဲ့ လူငယ်ဖိုရမ် ပြီးဆုံး


2014.08.03
usdp-305 လူငယ်ဖိုရမ် ၂၀၁၄ ပိတ်ပွဲအခမ်းအနားကို သြဂုတ် ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းတွင် ပြုလုပ်စဉ်
Photo:Usdp Yangon

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ တောင်သူ လယ်သမား၊ အလုပ်သမားနဲ့ လူငယ်ဖိုရမ်ကနေ လယ် သမား၊ အလုပ်သမားနဲ့ လူငယ်တွေ ကြုံတေ့ွနေရတဲ့ အခက်အခဲတွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖြေရှင်းဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတယ်လို့ ဖိုရမ်ဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွ့ဲဖြိုးရေးပါတီရဲ့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်လှိုင်က အခုလိုပြောပါတယ်။

"တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ် အဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှ အဲ့ဒီအဖွဲ့တွေက အရပ် ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒေသ အလိုက် ကူညီဆောင်ရွက်ပေးဖို့နဲ့ ပြည်သူ အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့အတွက်ကို ကိုယ်တိုင်ကလုပ်ငန်းတွေစတာပါ၊ သူတို့ရဲ့ နယ်ပယ်အသီးသီးမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ဘယ်လိုဖြေရှင်းပေးမလဲ၊ သူတို့ရဲ့ဒေသအတွက် အကျိုးပြုမှှု တွေကို ကျနော်ဘာတွေ ဆောင် ရွက်ပေးနိုင်မယ်ဆိုတာ မြို့နယ်အလိုက် ဆွေးနွေးပြီးတော့ လက်တွေ့ဆောင်ရွက်ကြမှာပါ"

မနေ့ကစပြီး ၂ရက်ကြာကျင်းပတဲ့ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ်ဖိုရမ်ကို ဗဟန်းမြို့နယ်မှာရှိ တဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ရာကျော်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော်လည်း တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။