တရားစီရင်ရေး လွတ်လပ်မှု မရှိကြောင်း ပညာရှင်တွေ သူရဦးရွှေမန်းနဲ့ ဆွေးနွေး


2014.06.07
ushweman-law-discussion-305.jpg ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဇွန်လ ၇ ရက်နေ့က ဥပဒေပြုရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် အထောက်ကူပြုစေမည့် တွေ့ဆုံဆွေးနွေး ပွဲမှာ သူရဦးရွှေမန်း မိန့်ခွန်းပြောစဉ်
Photo: Kyaw Zaw Win/RFA

အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဥပဒေရေးရာနဲ့ ပတ်သက်ပြီး တတ်သိကျွမ်းကျင်တဲ့ သူတွေ ပူးပေါင်းပါဝင်ဖို့ လို့အပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာကျင်းပတဲ့ ဥပဒေပြုရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ မှာ သူရဦးရွှေမန်းက အခုလို တိုက်တွန်းပြောဆိုခဲ့တာပါ။

"အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျနော်တို့နိုင်ငံသားတွေ တရားဥပဒေစိုးမိုးရေး အတွက် အားလုံးပါဝင်ဆောင်ရွက်နိုင်ဖို့ဆိုရင် ဥပဒေကို သိဖို့ တတ်ဖို့၊ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များ ဦးဆောင်ပါဝင်နိုင်မှ ဒီအခြေအနေမျိုးရောက်နိုင်မှာ"

လက်ရှိတရားစီရင်ရေးဟာ လွတ်လပ်မှုမရှိဘဲ အုပ်ချုပ်ရေးရဲ့ သြဇာလွှမ်းမိုးမှုအောက် မှာ ရောက်နေကြောင်း တက်ရောက်လာသူ ဥပဒေပညာရှင်တွေက ပြည်ထောင်စု လွှတ်တော် နာယကကို တင်ပြခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေနဲ့ တက္ကသိုလ်တွေက ဥပဒေဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

နာယက သူရဦးရွှေမန်း ပြောကြားခဲ့တဲ့အထဲက တချို့နဲ့ တက်ရောက်ကြသူတွေရဲ့ တင်ပြချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။