နိုင်ငံတော်သမ္မတ ဖြစ်လိုတယ်လို့ သူရ ဦးရွှေမန်းကလဲ ပြောကြား


2013.06.10
ushweman-meet-myanmar-us-305.JPG ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးမှာ ဇွန်လ ၉ ရက်နေ့ကပြုလုပ်တဲ့ သူရ ဦးရွှေမန်းနဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲကို တွေ့ရစဉ်
photo: RFA/ Kyaw Kyaw Aung

မြန်မာနိုင်ငံမှာ သမ္မတတာဝန်ထမ်းနိုင်ဖို့အတွက် လာမယ့် ၂၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့  အမေရိကန် ပြည်ထောင်စုကို အလည်အပတ်ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

သူရ ဦးရွှေမန်းဟာ အမေရိကန်ရောက် မြန်မာမိသားစု အသိုင်းအဝိုင်းနဲ့  အခု အသံလွှင့်နေချိန်မှာပဲ ဝါရှင်တန် ဒီစီမြို့တော်ရှိ မြန်မာသံရုံးမှာ  တွေ့ဆုံဆွေးနွေးလို့နေ ပါတယ်။  အဲဒီတွေ့ဆုံပွဲကို တက်ရောက်နေတဲ့ RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဦးရွှေမန်း နဲ့ တွေ့ဆုံမေးမြန်းတဲ့အခါမှာ အဲဒီလိုပြောခဲ့တာပါ။

ဦးရွှေမန်း ဦးဆောင်လာတဲ့  မြန်မာပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ  ဦးလှမြင့်ဦး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ  ဦးသိန်းဆွေတို့အပြင် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၊ စီးပွားရေးနဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးကော်မတီစတဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီအဖွဲ့တွေက ဦးခက်ထိန်နန်၊ ဒေါက်တာဝင်းမြင့်၊ ဒေါက်တာမျိုးအောင်စတဲ့ ပုဂ္ဂိုလ်တွေလည်း လိုက်ပါလာကြပါတယ်။

ဦးရွှေမန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိနေတုန်း၊ အမေရိကန် အစိုးရခေါင်းဆောင်တွေအပြင် အမေရိကန် အထက်အောက်လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။