လွှတ်တော်အမတ်တွေအချိန် တန်ဖိုးထားဖို့ ဦးရွှေမန်းသတိပေး
2013.08.15

လွှတ်တော်ဆိုတာ သာမန်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတာ မဟုတ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတဲ့အခါမှာ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်ဖို့လိုတယ် လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအေဝးမှာ သတိပေးပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်ခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း ( ၃ ) ကို လွှတ်တော် ကိုယ်စားလှယ်တွေ မဆွေးနွေးခင် အခုလို သတိပေးပြောဆိုလိုက်တာပါ ။
“လွှတ်တော်ဟာ သာမန်အလုပ်ရုံဆွေးနွေးပွဲ မဟုတ်ကြောင်းကို ကျနော်တို့အားလုံး နားလည်လက်ခံထားတာဖြစ်ပါတယ်၊ လွှတ်တော်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားများအတွက် ဆုံးဖြတ်ချက်များ သက်ဆိုင်ရာသို့ တိုက်တွန်းချက်များ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားများအတွက် ဥပဒေများပြုနေသည်ဖြစ်သည်ကို သတိပြုပြီး မိမိတို့ရဲ့ဆွေးနွေးမှုများဟာလည်း အချိန်ကိုတန်ဖိုးရှိရှိ အသုံးပြုဖို့လိုပါတယ်”
ဒါ့အပြင် ကိုယ်စားလှယ်တွေအနေနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား သွေးစည်းညီညွှတ်မှုကို မထိခိုက်စေဖို့နဲ့ လွှတ်တော်က ခွင့်ပြုထားတဲ့ အပြောအဆို အသုံးအနှုန်းများကိုသာ ပြောဆိုဆွေးနွေးဖို့ကိုလည်း သတိပေးပြောဆိုခဲ့ပါတယ်။
မကြာသေးခင်ကလည်း အမျိုးသားလွှတ်တော် အစည်းေဝးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ဝင်ရောက်ဆွေးနွေးတာ မရှိခဲ့တဲ့ အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က သတိပေးပြောဆိုခဲ့ဖူးပါတယ်။