လူမှုတန်ဖိုး ဖော်ဆောင်ရေး လုပ်ကြဖို့ သမ္မတ တိုက်တွန်း


2013.09.01
utheinsein-305.jpg နေပြည်တော်မှာ ဇွန် ၂၆ နေ့ကကျင်းပခဲ့တဲ့ စီမံကိန်းကော်မ ရှင် အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်ကို တွေ့ရစဉ်
photo: President Office Website

၈၈ ခုနှစ် လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့်အခမ်းအနား ဟာ နိုင်ငံရေးသမိုင်းမှာ  အရေးကြီးတဲ့ သင်ခန်းစာတွေ ရယူနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းစတဲ့ လူမှုတန်ဖိုး ပြန် လည်ဖော်ဆောင်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားဖို့လိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

ဒီနေ့မနက် ပြည်သူများအတွက် ထုတ်လွှင့်တဲ့ ရေဒီယို မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခုလို ပြောသွားတာပါ။

ဦးသိန်းစိန်အစိုးရ တာဝန်ယူနေရတဲ့  ၅ နှစ်တာကာလရဲ့ ပထမလပေါင်း ၃၀ မှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျန်ရှိတဲ့လပေါင်း ၃၀ မှာ ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကိုအဓိကထားဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးက ိုပိုမိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းအင်အားကို ရယူဖို့မူတွေ၊ မဟာဗျူဟာတွေ ချမှတ်စတင်ချမှတ်ပြီးဖြစ်တဲ့အတွက် လက်တွေ့ကျတဲ့ တိုးတက်မှုတွေကို ကျေးလက်နေပြည်သူတွေ ခံစားရတော့မှာဖြစ်တယ်လို့ပါ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။