ဦးဝင်းတင် ပြတိုက်ဂေဟာ တစ်ခု ဆောက်လုပ်မည်
2014.07.12

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ဦးဝင်းတင် ပြ တိုက်ဂေဟာတစ်ခု ဆောက်လုပ်သွားဖို့ရှိတယ်လို့ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း နာယကလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး က ပြောပါတယ်။
ဒီကနေ့ တော်ဝင်နှင်းဆီမှာကျင်းပတဲ့ ဟံသာဝတီ ဦးဝင်းတင်ထောင်ဒေးရှင်း ၁၅ ကြိမ်မြောက် ထောက် ပံ့ငွေပေးအပ်ပွဲနဲ့ အလှူရှင်များဂုဏ်ပြုပွဲမှာ အဖွင့်အမှာ စကား ပြောကြားခဲ့ရာမှာ အခုလို ထည့်သွင်းပြော လိုက်တာ ဖြစ်ပါတယ်။
"ဆရာကြီး ဦးဝင်းတင် သူရှိစဉ်အခါတုန်းက သူဆောင် ရွက်ခဲ့တဲ့ကိစ္စအဝဝကို တိုင်းပြည် မှာ နောင်လာနောင် သားတွေ သိဖို့ဆိုပြီးတော့ ကျနော်တို့ သူ့ရဲ့ပစ္စည်းတွေ ကို အခုရှိနေတဲ့လူတွေရဲ့လက်ထဲမှာ အလေးဂရုပြု ပြီးတော့ လေးစားသော အားဖြင့် ယူထားတာတွေကို ပြန်လည်ပြီးတော့ ဆက်လက်ထိန်းသိမ်းထားပြီးနောက် အဆောက်အဦးဖြစ် လာတဲ့အခါကျရင် ဆရာကြီး ဦးဝင်းတင်ရဲ့ ပြတိုက်သဘောမျိုး ဆောင်ရွက်သွားဖို့ရှိတယ်"
ဒီကနေ့ပွဲမှာ လက်ရှိနိုင်ငံရေးအကျဉ်းသား ၃ ဦးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ စာနယ်ဇင်းသမား ၂၄ ဦးကို ထောက်ပံ့ငွေစုစုပေါင်း ၇၆ သိန်း ပေးအပ်ခဲ့ပါတယ်။
၂ဝ၁၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုတွေအတွက် ပညာရေးထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလုပ်အကိုင်ရှာဖွေပေးရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။