ပြန်ကြားရေးဝန်ကြီး မန္တလေးမြို့ မှာ သတင်းမီဒီယာသမားတွေ နဲ့ တွေ့ဆုံ


2014.11.22
uyehtut-305.JPG ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
photo: RFA/ Myo Thant Khaing

လက်ရှိ တည်ဆဲဥပဒေတွေနဲ့ တရားစွဲခံထားရတဲ့ မီဒီယာသမားတွေကို လက်ရှိထုတ်ပြန်ထားတဲ့ မီဒီယာဥပဒေနဲ့ ပြောင်းလဲစီရင်ပေးဖို့ သက်ဆိုင်ရာ တရားရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြော ပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်က ပြန်ကြားရေးရုံး မှာ သတင်းမီဒီယာသမားတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဝန်ကြီးက အခုလိုဖြေကြားခဲ့တာလို့ မန္တလေးမြို့အခြေစိုက် အလွတ် သတင်းထောက် ကိုမင်းမင်းလတ်က ပြောပါတယ်။

"တရားစွဲတဲ့ပုဂ္ဂိုလ်တွေက သူတို့ကြိုက်တဲ့ပုဒ်မတပ် ပြီးတော့ တရားစွဲလို့ရတယ်၊ ဒါပေမဲ့ စွဲခံရတဲ့ မီဒီယာဘက်လူတွေက တရားရုံးမှာ ရောက်သွား တဲ့အခါကျရင် မီဒီယာဥပဒေကို ပြောင်းလဲပေးဖို့ လျှောက်ထားခွင့်ရှိတယ်ဆိုတဲ့အကြောင်း ဦးရဲထွဋ်က ပြန်ဖြေ သွားပါတယ်"

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ မန္တလေးမြို့က စာနယ်ဇင်းသမားတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါ တယ်။

ဒါ့အပြင် မန္တလေး စာရေးဆရာတွေကို အစိုးရထုတ် ကြေးမုံသတင်းစာနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာ သတင်းဆောင်းပါးတွေ ရေးပေးဖို့ ပြောကြားခဲ့သလို အစိုးရကို ပုတ်ခတ်တဲ့ ဆောင်းပါးတွေတော့ မရေးပေးဖို့ ပြောသွားတယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ အရင် စစ်အစိုးရလက်ထက်တုန်းက ပိတ်ခံထားရတဲ့ လူထုသတင်းစာတိုက် ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။