မြန်မာ့ ပြုပြင်ပြောင်းလဲရေး အီးယူအဖွဲ့က လက်ခံ


2014.10.21
uyehtut-mjn-305.jpg ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ အောက်တို ဘာလ ၂၁ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေးအတွက် အရေးပါတဲ့ရွေးကောက်ပွဲဖြစ်သလို လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရည်မှန်းထားတယ်လို့ နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာသမားတွေကို အခုလိုပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဥရောပသမဂ္ဂ အီးယူအဖွဲ့က လက်သင့်ခံခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ဟာ အောင်မြင်မှုရရှိခဲ့တယ် လို့လည်း ပြောပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အီတလီနိုင်ငံမှာကျင်းပခဲ့တဲ့ ဥရောပ အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီးမှာ   ဝန်ကြီးဦးရဲထွဋ်ဟာ မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

အဲဒီ့အစည်းအဝေးမှာ သတင်းမီဒီယာသမားတွေ ဥပဒေကြောင်းအရ တရားစွဲဆိုခံနေရတာတွေကို ညှိနှိုင်းအဖြေရှာသွားဖို့အပြင်၊ အစိုးရဝန်ကြီးဋ္ဌာနမှာ သတင်းရယူဖို့ ခက်ခဲနေတာတွေကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ကူညီဆောင်ရွက်ပေးသွားဖို့ လက်ခံခဲ့တယ်လို့ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။