ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေ မူကြမ်း အတည်ပြုတော့မည်

လာမဲ့ သီတင်းပတ်အတွင်း အတည်ပြုတော့မဲ့ ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေမူကြမ်းဟာ အောက်ခြေ ပြည်သူလူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်ဘဲ အထက်ကနေ ခန့်အပ်တဲ့ စနစ်သာ ဖြစ်နေသေးတယ်လို့ သိရပါတယ်။

2011.11.15
parliament_2011_naypyidaw_305_z.png ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
(Photo: AFP/MRTV 4)

နိုဝင်ဘာ ၂၄ ရက်မှာ ကျင်းပမဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ ဥပဒေမူကြမ်းကို အတည်ပြုဖို့ ရှိတယ်လို့ သိရပါတယ်။

အခု ပြဋ္ဌာန်းမဲ့ ရပ်/ကျေး ဥပဒေဟာ ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားတာ များလွန်းတယ်လို့ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ NDF လွှတ်တော် အမတ် ဦးခိုင်မောင်ရီက ပြောပါတယ်။

မူကြမ်းမှာ ပါတာက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆယ်အိမ်မှူးတွေက ရွေးချယ်ပေးရမှာဖြစ်ပြီး ဆယ်အိမ်မှူးတွေကိုတော့ ကျေးရွာ ရပ်ကွက် ရပ်မိရပ်ဖတွေက ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်တွေမှာ အရင်က ဆွေးနွေးခဲ့တဲ့ ဥပဒေမူကြမ်းမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ မည်သည့်ပါတီဝင်မှ မဖြစ်စေရလို့ ပါပေမဲ့ အခုပြဋ္ဌာန်းမဲ့ မူကြမ်းမှာတော့ ပါတီဝင် ဖြစ်ခွင့်ရှိတယ် ဆိုတဲ့သဘော သက်ရောက်နေတယ်လို့ လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ပြောပါတယ်။

ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ နိစ္စဓူဝ အုပ်ချုပ်ရေးကိစ္စ ဧည့်စာရင်းစစ်တဲ့ အလုပ်ကနေ လယ်ယာမြေ ပြဿနာမျိုးအထိ ပါဝင်ဆုံးဖြတ်ခွင့် ရှိသလို ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာလည်း အရေးပါတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-15 21:54

ဒီဥပဒေလည်း တရားမျှတမှု မရှိသေးပါ လိုရာဆွဲထားသော
လုပ်ရက်များသာ ဖြစ်ပါတယ်