ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးနေရ


2013.09.04
kio-gov-peace-305.jpg မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ အစိုးရနဲ့ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် အစိုးရဖက်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး နဲ့ ကေအိုင်အိုဖက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တို့ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ပြီးခဲ့တဲသြဂုတ်လ ၂၈ ရက်နေ့က ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း အစိုးရတပ်မတော် ခလရ ၁၃၇ နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၆၅ ယောက်ဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုမရှိပေဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအခြေအနေမှာတော့ တည်ငြိမ်နေပြီလို့ မချမ်းဘောမြို့ခံတစ်ဦးက ဒီကနေ့ RFA ကို ပြောပြပါတယ်။

လောလောဆယ်မှာ လုံခြုံရေးအခြေအနေအရ တိုက်ပွဲဖြစ်ပွားတဲ အဲ့ဒီရွာနားတစ်ဝိုက်ကို သွားလာလို့မရသေးပေမဲ့ ပူတာအိုနဲ့ မချမ်းဘောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီမှုတွေပေးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် သြဂုတ်လ ၁၇ ရက်နေ့တုန်းက ပန်ဝါဒေသမှာတစ်ကြိမ်၊ သြဂုတ်လ၂၈ ရက်နေ့တုန်းက မချမ်းဘောဒေသဘက်မှာတစ်ကြိမ် အစိုးရတပ် နဲ့ ကေအိုင်အေတပ်တွေ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။