မဲလက်မှတ်တွေ စတင်ထုတ်ပေး
2015.11.01

ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရာမှာလွယ်ကူစေဖို့အတွက် မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေကို ဒီနေ့ နိုဝင်ဘာ ၁ ရက်ကနေစပြီး နိုင်ငံတဝှမ်းမှာ စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။
မဲဆန္ဒရှင် သက်သေခံလက်မှတ်မှာ မဲစာရင်းနံပါတ်နဲ့ မိမိမဲပေးရမယ့် မဲရုံနံပါတ်တွေကို ထည့်သွင်းရေး သားထားတဲ့အတွက် မဲပေးရာမှာ လွယ်ကူမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောပါတယ်။
"၈ နာရီက ၄ နာရီထင်တယ် အဲ့ဒီရုံးချိန်အတွင်းမှာထုတ်တယ်ဗျ၊ ရပ်ကွက်နဲ့ ကျေးရွာအတွင်းရှိ ကော်မရှင်ရုံးမှာ ထုတ်တယ်ဗျ၊ အဲ့ဒီမဲဆန္ဒရှင်လက်မှတ်ပါရင် သူသွားရမယ့် မဲရုံနံပါတ်သိမယ်၊ သူရဲ့ မဲစာရင်းနံပါတ်သိမယ်၊ အဲ့ဒီတော့ မဲပေးတဲ့နေရာမှာ လျင်မြန်တယ် ချောမွေ့တယ်၊ မှတ်ပုံတင်နဲ့သွားလို့ရှိရင် မှတ်ပုံတင်မှာ ကျနော်တို့ အဲ့ဒီနှစ်ခု ထည့်မထားဘူး၊ သူ့ဟာနဲ့သူ တခြားနည်းနဲ့ သိရင်တော့မဆိုးဘူး၊ တခြားနည်းနဲ့ သူသွားရမယ့်မဲရုံတို့ သူ့မဲစာရင်းနံပါတ်တို့ မသိဘဲနဲ့ဆိုရင်တော့ ကြန့်ကြာမှုရှိနိုင်တယ်"
မဲဆန္ဒရှင် သက်သေခံလက်မှတ်ဟာ အဖြူရောင်စာရွက်တစ်ရွက်ဖြစ်ပြီး ရွေးကောက်ပွဲနေ့မှာ မဲထည့် ပြီးတာနဲ့ မဲရုံမှာပြန်အပ်ခဲ့ရမှာဖြစ်ပါတယ်၊
သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ မှတ်ပုံတင်နဲ့အတူ သန်းကောင်စာရင်းပြပြီး သက်သေခံ လက်မှတ်လာရောက် ထုတ်ယူနိုင်တယ်လို့ ပြောပါတယ်။