ဆက်ဆံရေးရုံး ရှာဖွေစစ်ဆေးခံရမှု ဝတပ်ဖွဲ့ အပြင်းအထန် ကန့်ကွက်


2017.04.10
wa-office-620.jpg ဝ အထူးဒေသ (၂) က ဧပြီလ ၉ ရက်နေ့က ထုန်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်
.

ဝပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ရဲ့ ရှမ်းပြည်နယ် လားရှိုးမြို့က ဆက်ဆံရေးရုံးကို ရဲတပ်ဖွဲ့က ဧပြီလ ၈ ရက်နေ့မှာ အိမ်တံခါးရိုက်ချိုးဖျက်ဆီးပြီး ရှာဖွေစစ်ဆေးတာကို ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ဒီအပြုအမူအတွက် တောင်းပန်ဖို့ ဝ အထူးဒေသ (၂) က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

ဝတိုင်းရင်းသားတစ်ယောက်က တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့သတင်းပတ်က သူ့ရိုင်ဖယ်သေနတ်နဲ့ ပစ်ဖောက်မှုဖြစ် ခဲ့တဲ့ကိစ္စအတွက် ရဲက ဝင်ရောက်ရှာဖွေတာလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက အတည်ပြုပြောဆိုကြောင်း AFP သတင်းထဲမှာ ရေးသားထားပါတယ်။

ဒါပေမဲ့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဝ အဖွဲ့က သူတို့ဘက်က ညှိနှိုင်းတာ၊ အရေးဆိုတာ၊ ကန့်ကွက်တာကို ဂရုမ စိုက်ဘဲ အခုလိုအတင်းအဓမ္မ ဆောင်ရွက်တာဟာ တရားဥပဒေနဲ့မကိုက်ညီဘူးလို့ ဝအဖွဲ့ရဲ့ ကြေညာချက်မှာဖော်ပြ ထားသလို ဒီလုပ်ရပ်အတွက် တောင်းပန်ဖို့၊ အငြင်းပွားမှုကြီးအောင် အကျယ်မချဲ့ဘူးဆိုတဲ့ ကတိပေးဖို့နဲ့ ဒါကိုမဆောင်ရွက်ရင် သူတို့အနေနဲ့ လိုအပ်တဲ့ ဘယ်လိုတုန့်ပြန်မှုမျိုးမဆို ပြုလုပ်ခွင့်ရှိတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။