ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဝ အဖွဲ့ တောင်းဆိုမည်
2011.05.02

သမတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းပါအချက်တွေအပြင် မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ နယ်စပ်ဒေသ ဗဟိုကော်မတီမှာ ပြောဆိုခဲ့တဲ့ သမတရဲ့ ပြောဆိုချက်တွေကိုလည်း UWSA ခေါင်းဆောင်တွေက လက်ခံတယ်လို့ UWSA အဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။
“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စစ်ကို မလိုလားဘူး။ အဲဒါ သမတသစ်က ဒီ သမတ ဖြစ်တုန်းက သူ မိန့်ခွန်း ပြောသွားတာတွေလည်း ရှိတယ်။ ကျွန်တော်တို့မှာလည်း နယ်စပ်ဒေသ ဗဟိုကော်မတီ ပြန်လည် ဖွဲ့စည်းမှုနဲ့ ဆွေးနွေးပွဲမှာလည်း သူပြောသွားတာတွေ အများကြီး ရှိတယ်။ ဒါတွေ ကြားရတာ ကျွန်တော်တို့ အနေနဲ့လည်း ကြိုဆိုတယ်ပေါ့ဗျာ။ ဒီလိုလည်း ဖြစ်လာအောင် ကျွန်တော်တို့လည်း အစိုးရသစ် သမတကိုလည်း တင်ပြတောင်းဆိုတဲ့ ဟာမျိုးပေါ့။”
ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ကိုလည်း တောင်းဆိုမှာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။
မေလ ၁ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ပြီးခဲ့တဲ့ သုံးလအတွင်း တောတွင်း လက်နက်ကိုင်အဖွဲ့ အသီးသီးက လက်နက်ကိုင် ၃၈ ဦး ငြိမ်းချမ်းရေးအတွက် အလင်း ဝင်ရောက်ခဲ့ကြောင်း ရေးသား ဖော်ပြထားရာမှာ UWSA အဖွဲ့ဝင်တယောက် ပါဝင်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းတဲ့အခါ ဦးအောင်မြင့်က ဒီကိစ္စ မိမိတို့ မသိရှိကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
UWSA အဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ တပ်အသွင်ပြောင်းလဲရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲခဲ့ပြီးတဲ့နောက် အဆက်အဆံ မရှိ ဖြစ်နေခဲ့ကြောင်း သိရပါတယ်။
UWSA အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |