ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ မန္တလေးရောက်ရှိ

ကချင်ပြည်နယ်၊ ကေအိုင်အို ဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမြို့အထိ ချီတက်ကြမယ့် ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအဖွဲ့ ဟာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ဒီကနေ့ နေ့လည်ပိုင်း မှာ မန္တလေးမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

2013.02.11
walk_laiza_peace_mandalay_305.jpg လိုင်ဇာမြို့အထိ ချီတက်ကြမယ့် ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ဒီကနေ့ နေ့လည်ပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
Photo: RFA/San Oo

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေကို မန္တလေးမြို့ခံ ကချင်တိုင်းရင်းသားတွေနဲ့ မြို့ခံတွေအပြင် မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ငြိမ်းချမ်းရေး မြတ်နိုးသူများအဖွဲ့က မြို့အဝင် တံခွန်တိုင်အဝိုင်းကနေ ကြိုဆိုခဲ့ကြပါတယ်။

ဒီလိုမန္တလေးကို ရောက်လာတာဟာ ခရီးစဉ်တဝက်ကို ရောက်နေပြီဖြစ်တယ်လို့ လမ်းလျှောက်သူတွေကို အဓိကဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်မင်းနိုင်က RFA ကို ပြောပါတယ်။

အဲဒီအဖွဲ့ဟာ မနေ့က ပုလိပ်မြို့ မူလငါးဆူကျောင်းတိုက်မှာ တည်းခိုခဲ့ကြပြီး မန္တလေးမြို့ကို မနက်ပိုင်းက ဆက်လက်ထွက်ခွာလာတာဖြစ်ပါတယ်။ သူတို့ဟာ မနက်ဖြန် မန္တလေးမြို့မှာ နယ်မြေခံ နိုင်ငံရေး အဖွဲ့အစည်းတွေက ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို တတ်ရောက်ကြမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဆက်လက်ခရီးဆက်ထွက်ခွာမယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေရဲ့ နောက်ဆုံး အခြေအနေသိရအောင် RFA သတင်းထောက် မဇင်မာဝင်းက ကိုအောင်မင်းနိုင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။