သူရဲသမိန်ရွာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁ဝဝ ချထား


2016.06.25
wall-house-620.jpg ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ ဇွန်လ ၂၃ ရက်နေ့ကဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ဖျက်ဆီးခံရတဲ့ နေအိမ်တစ်လုံး ကို တွေ့ရစဉ်
Photo: MOI

ဗလီတစ်ခုဖျက်ဆီးခံလိုက်ရတဲ့ ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ရွာမှာ တည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ အင်အားတိုးမြှင့်ချထားတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ဒီနေ့ပြောလိုက်ပါတယ်။

အဲဒီရွာမှာ နောက်ထပ် မငြိမ်သက်မှုတွေထပ်ဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလဟလသတင်းတွေ မနေ့ညကပေါ် ထွက်လာတဲ့အတွက် အရင်က ရဲတပ်ဖွဲ့ဝင် အယောက် ၅၀ ပို့ထားရာကနေ၊ ဒီနေ့ အယောက် ၅၀ ထပ်ပြီးအားဖြည့် ထားတယ်လို့ ဒေသဆိုင်ရာရဲမှူးအုန်းလွင်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာဖေါ်ပြထားတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့ ဗလီဖျက်မှုအတွက် တစ်စုံတစ်ယောက်ကိုမှ ဖမ်းဆီးထိမ်းသိမ်းထားတာမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် သရဲသမိန်ရွာက မွတ်စလင်တွေဟာ စိုးရိမ်နေကြပြီး အခြေအနေ တည်ငြိမ်လာမယ့် အချိန် အတိုင်းအတာတစ်ခုအထိ တခြားမြို့တွေမှာ သွားရှောင်နေကြဖို့ ပြင်နေကြတဲ့ အကြောင်း အဲဒီဗလီရဲ့အတွင်းရေး မှူး ဦးဝင်းရွှေကAFP သတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။